Due to the earthquake that took place on March 28,2025, it is a devastating scene and heartbreaking loss for our country Myanmar. With the loss of many lives, shattered dreams, buildings and homes, we stand and pray for the victims and hope to rebuild one another with love, care and support. Remember you are not alone, we, YASIS family, students and parents feel your pain, suffering and hurt. We, YASIS family has started a capital of 5,000,000 MMK donation for the earthquake victims and affected areas and to donate to those in need.

“Hold on, have faith, stay safe and stay strong”. We are praying for the recovery and inner peace for everyone and all the affected areas.

We pray for the safety of the volunteers who are risking their lives to save lives and for those who are stuck under ruins to be able to have the strength until they are found.

May the Lord protect you, guide you, and heal your broken and wounded hearts and body.

မတ်လ 28,2025 တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံအတွက် ဆိုးရွားလွန်းသောအဖြစ်အပျက်နှင့် ဝမ်းနည်းကြေကွဲဖွယ်ရာ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး၊ ပျောက်ကွယ်သွားသော အိပ်မက်များ၊ အဆောက်အအုံများ၊ နေအိမ်များနှင့်အတူ ငလျင်ကြောင့်ထိခိုက်နစ်နာသွားသောသူများအတွက် ဆုတောင်းမေတ္တာပို့ပေးခြင်း၊ ပံ့ပိုးကူညီခြင်း၊ စိတ်ခွန်အားပေးခြင်းဖြင့် အချင်းချင်း ပြန်လည်တည်ဆောက်နိုင်ရန် မျှော်လင့်ပါတယ်။ သင်တို့ဟာတစ်ယောက်တည်းအထီးကျန်နေခြင်း မဟုတ်ပါ။ YASIS မိသားစု၊ ဆရာ ဆရာမများ၊ ကျောင်းသားများနှင့် မိဘများလည်း အားလုံးရဲ့ပူလောင်သောက၊ ဝေဒနာနှင့် နာကျင်ခံစားရမှုများကို ထပ်တူခံစားရပါတယ်။ ထို့ပြင်, YASIS family အနေနဲ့လည်း တတ်အားသရွေ့ သိန်း ၅၀ မတည်ငွေနဲ့အတူလိုအပ်သောနေရာများမှာလှူဒါန်းသွားမှာဖြစ်ပါတယ်။

“အားတင်းထားပါ၊ ယုံကြည်မှုတွေမပျောက်ဆုံးသွားပါနဲ့၊ ကျန်းမာလုံခြုံစွာနေပါ၊ အရှုံးမပေးလိုက်ပါနဲ့”။

မြေငလျင်ကြောင့်ထိခိုက်နှုစ်နာဆုံးရှုံးသွားတဲ့လူတွေအားလုံးနဲ့ ထိခိုက်ခံစားရသော ဒေသအားလုံးအတွက် ပြန်လည်ကောင်းမွန်လာဖို့နှငိ့စိတ်သောကများသက်သာဖို့အတွက် ကျွန်ုပ်တို့ အားလုံးဆုတောင်းပေးနေပါတယ်။

အသက်အန္တရာယ် ကြားမှ ကိုယ်ကျိုးမငဲ့ဘဲသူတစ်ပါးအသက်ကိုကယ်တင်ရန် ကြိုးစားနေသော စေတနာ့ဝန်ထမ်းများ၏ ဘေးကင်းစေရန်နှင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသော သူများကို ရှာဖွေတွေ့ရှိသည့်အချိန်အထိ အားတင်းထားနိုင်ရန် ခွန်အားရှိစေဖို့အတွက် ကျွန်ုပ်တို့ ဆုတောင်းပါတယ်။

ထာ​ဝ​ရ​ဘု​ရား​သည် သင်တို့အားလုံးကို​ကာကွယ်​ပေး​တော်​မူ​ပါစေ၊ လမ်း​ညွှန်​ပေး​ပါ​စေ၊ ကျိုး​ကြေ​နေသော​နှလုံးသားများ နှင့် ကိုယ်​ခန္ဓာ​ကို ကုသ​ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။